Friday, April 28, 2017

linux ကို သုံးစွဲခြင်း

Linux ကို၁၉၉၂ ခုနှစ်က ဖင်လန်နိုင်ငံသား ဖစ်တဲ့ Linus Torvalds ကတီထွင့်ခဲ့တာပါ
ခုဆိုရင် Linux ဟာနှစ်ပေါင်း ၂၅နှစ်ရှိနေပါပီ

Linuxကိုဘာကြောင့်သုံးစွဲသင့်သလဲ
Linux က Open Source လည်းဖစ်တယ် stableကျသော Os တသ်ခုလည်းဖစ်တယ်
C,C++,Pascal,Cobol,Fortran စသည့် Programming language များစွာအတွက်free ဖစ်သော Library များ
Utilities များကို support လုပ်ပေးနိုင်သည့်အတွက်Programmingကျွမ်းကျင်သူများအတွက်အထူးကောင်းမွန်သည်
Open source and Close source ရဲကွာခြားချက်က kernel ကိုဖွင့်ပေးထားခြင်းနဲ့ပိတ်ပေးထားခြင်းဖစ်ပါတယ်
Linux Kernel သည်Openen Kernel ဖစ်တဲ့အတွက် Kernel ကိုစိတ်ကြိုက်ပြုပြင်သုံးစွဲနိုင်သည်။
Super Computer လို့ခေါ်တဲ့ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာကြီးတွေ ၊အင်တာနက်ပေါ်က Web Server တွေအတော်များများကိုလည်း
Linux OS နဲ့တည်ဆောက်ထားပါတယ်။

အားသာချက်တွေကလည်း အခြား OS တွေထက်
အမြောက်အများရှိနေပါသေးတယ် ...။
အကျဉ်းချုံးပြောရမယ်ဆိုရင် -
Reliable: ယုံကြည်စိတ်ချရနိုင်ခြင်း ၊
Secure: လုံခြုံရေးကောင်းမွန်ခြင်းနဲ့
Open Source: (ဒါကတော့ဖွင့်ဆိုဖို့ကျယ်လို့ အလွယ်ပဲထားပါ)

ပိုပြီးနားလည်လွယ်အောင်ဖွင့်ဆိုရရင် ...
Linux ဟာ Windows XP, Windows 7, Windows 8,10 နဲ့
Apple ရဲ့ Mac OS X တို့လို Operation System တစ်မျိုးပါပဲ..။
Computer တစ်လုံးမှာပါဝင်တဲ့ Hardware resources တွေကို
ပြန်လည်ထိန်းချုပ်ဖို့အတွက် Software (or) OS ဆိုပါတော့ ...။
နောက်​ပီးLinux ဆိုတာကအရင်​တုန်းက Computer ​တွေစ​ပေါ်တုန်းကအသုံးပြုတဲ့ DOS (Disk Operation System) နဲ့တူတယ်​ဗျ​ပြောရမယ်​ဆိုရင်​​ခေတ်​​နောက်​ပြန်​ဆွဲသွားတာ​ပေါ့😁😁😁

OS ထဲမှာမှ အဆင့်လေးတွေထပ်ခွဲကြည့်ရင် -

//Kernel
Linux လို့ခေါ်ရတဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုပါပဲ။
CPU, Memory နဲ့အခြားချိတ်ဆက်ထားတဲ့ Devices တွေကိုထိန်းချုပ်ပါတယ်။
Kernel ဟာ OS ရဲ့ Lowest LeveL လို့လည်းသတ်မှတ်နိုင်ပါတယ်။

//Shell
Linux ရဲ့ နာမည်အကြီးဆုံး Terminal နဲ့ Command Line ဆိုတာကိုတော့
ကြားဖူးကြသူများပါလိမ့်မယ်။ Shell ဆိုတာက - text interface အတွင်းမှာ
commands တွေနဲ့ ကွန်ပျူတာကို ထိန်းချုပ်ခိုင်းစေတဲ့လုပ်ဆောင်ချက်ပါပဲ။
Command Process ဆိုပါတော့ ....။
လူအတော်များများကထင်ကြတယ် ... Linux ကိုသုံးနိုင်ဖို့အတွက်
ခက်ခဲရှုပ်ထွေးတဲ့ Command တွေအများကြီးသိနေရမယ် ...
ကွန်ပျူတာနဲ့ ပတ်သက်တဲ့ Skill set အများကြီးရှိနေမှအဆင်ပြေမယ် လို့...။
သည်အချက်ကြောင့်လည်း Linux ဆိုတာနဲ့
လူအတော်များများက လက်ရှောင်ပြီး
Graphical User Interface တွေနဲ့အသုံးပြုနိုင်တဲ့
Winodws, Mac တို့ဖက်ကို ပိုရွေးဖြစ်သွားကြတယ် ...။
ခုခေတ် Linux တွေမှာတော့ သာမန်ရုံးသုံးအတွက်လောက်ဆို
အဲ့လောက်ထိသိစရာမလိုတော့ပါဘူး ...။
Application တိုင်းကို GUI တွေ Icon တွေနဲ့
အလွယ်တကူခေါ်သုံးနိုင်နေပါပြီ ...။
ပိုပြီး Advance ကျကျသုံးတတ်ချင်ရင်သာ ...
Command တွေကိုဖြေးဖြေးချင်းဆက်လေ့လာသွားရုံပါပဲ။

//Graphical Server
Monitor ပေါ်မှာ Graphic တွေပြပေးဖို့အတွက်
sub-system ပါ။ အခြားနာမည်အနေနဲ့ X server သို့မဟုတ်
X လို့လည်းအလွယ်တကူခေါ်ကြပါသေးတယ်။

//Desktop Enviroment
User နဲ့ Interact လုပ်တဲ့ အစိတ်အပိုင်း -
Desktop enviroment ဆိုတဲ့အတိုင်းပဲ ၊
သက်ဆိုင်ရာ Graphical User Interface တွေကို
အထောက်အပံ့ပေးပါတယ်။ Desktop ပေါ်မှာမြင်နေရတဲ့ Icon တွေ ၊
shortcut, preview, application's windows စသည်ဖြင့်ပေါ့။

Desktop Enviroment တွေကတော့ Linux မှာ
မူကွဲတွေအများကြီးရှိပါတယ် ...။
GNOME, Cinnamon, Enlightenment, KDE, XFCE စသည်ဖြင့်ပေါ့။
Desktop Enviroment တိုင်းမှာလည်း Built in အနေနဲ့
ကွဲပြားခြားနားတဲ့ File managers, Configuration Tools,
Web Browser နဲ့ Game တွေပါဝင်လေ့ရှိပါသေးတယ်။

//Applications
Desktop Enviroment ရှိရုံနဲ့တော့မပြည့်စုံဘူးပေါ့ ...။
Linux ဟာလည်း Windows တို့ Mac တို့လို အပြင်က Application တွေ
ထပ်သွင်းနိုင်ပါသေးတယ် ..။
ဥပမာပြောရရင် - Ubuntu ဆိုပါတော့ ...
Windows နဲ့ Apple Store တို့လိုပဲ Ubuntu Software Center ဆိုပြီး
သပ်သပ်ရှိပါတယ်။ သည်အထဲကနေပြီး
high-quality apps တွေကို မိမိလိုအပ်ချက်နဲ့ကိုက်ညီရာ
အလွယ်တကူရှာဖွေပြီး mouse click နဲ့တင် install လုပ်နိုင်ပါတယ်။
ဘယ် Command Line မှတောင်မလိုတော့ပါဘူး။
ဆိုလိုချင်တာက ...
သည်ဖက်ခေတ်မှာ Linux ဆိုတာဟာ
Advanced User တွေသာ သီးသန့်သုံးနိုင်တဲ့
OS တစ်ခုမဟုတ်တော့ဘူးဆိုတာပါပဲ ...။
သာမန်ရုံးသုံး ကျောင်းသုံးတွေအတွက်လည်း
အဆင်ပြေအောင် စီမံဖန်တီးပေးထားပြီးပြီမလို့
အနည်းဆုံးတော့ စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။
အထူးသဖြင့် IT ပိုင်းဆိုင်ရာလိုက်နေကြတဲ့သူတွေပေါ့ ...။

ကိုယ်​ဘယ်​ Linux Os သုံးမလဲဆိုတာကို​တော့ကိုယ်​ဘာသာ​သေချာ​ရွေးချယ်​​ပေါ့ဗျာ

/root  root file system

/bin
runနိုင်သည့် file များပါဝင်သည့်file system (.exe,.com)

/boot
Boot ကတော့ Computer ရဲ့ Booting Process လို့ခေါ်တဲ့
Power ဖွင့်ဖွင့်ချင်းအပိုင်းလုပ်ဆောင်ချက်တွေကိုကိုင်တွယ်ပါတယ်။
အပြင်ပန်းအမြင်အရ Operation System တက်ဖို့အတွက်
Splash Screen ရဲ့နောက်ကွယ်ကလုပ်ဆောင်ချက်ဆိုပါတော့ ...။

/etc
system confinguration files များပါဝင်သည့် file system

/usr
သာမန် user acc များရဲ့ သက်ဆိုင်သည့် binary fileများပါရှိသည်/manual fileများ  documentations များ

/var
variable nature ရှိသောပုံမှန်မရှိသည့်fileများပါရှိသည့် file system / example print spoll file,email acount file

/sbin
system ရဲ့ binary file system များပါဝင်သော file system
>>>
/tmp
temporary file ဖစ်ပီး windows ရဲ့ temp folder နဲ့တူတူဖစ်သည်

/dev
device အားလုံးရဲ့ fileများပါရှိသည့်file system

/home
user acc များ၏ သိမ်းဆည်းရာနေရာဖစ်သည် /document and setting နဲ့ဆင်တူသည်

/lib
သူကတော့program တွေလိုအပ်တဲ့ libraes file တွေကို share လုပ်ပေးတာဖစ်ပါတယ်

/Mnt
root (system administrator)ကနေမှယာယီ mount လုပ်သောနေရာဖစ်သည်

/opt
windows program file folder နဲ့တူတူဖစ်သည်

/proc
Processရဲ့အတိုကောက်ဖစ်သည်

ကျွန်တော်ဖတ်ဖူးတဲ့စာတွေထဲကသိသလောက်လေးလို​အပ်​တာ​တွေထည့်​ရေးထားတာပါဗျ
လိုသာရှိရင်​လည်း comment မှာဖြည့်​စွတ်​​ရေး​ပေးကြပါ

#စာအတွက်​သက်ဆိုင်သူအားလုံးကို #Credit ပေးပါတယ်

No comments:

Post a Comment